အဆင့်မြင့်းကိုယျရေးအရာရှိကဲ့သို့ ဝန်ဆောင်မှု
နအေိမျ>ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်း>အဆင့်မြင့်းကိုယျရေးအရာရှိကဲ့သို့ ဝန်ဆောင်မှု

UnionPay premium card ပိုင်ဆိုင်ပါက မည်သည့်နေရာသို့ရောက်နေသည်ဖြစ်စေ ပင်လယ်ရပ်ခြားခရီးသွားအကူအညီ၊ ဆေးကုသရေးအကူအညီ၊ VIP ကျန်းမာရေး စောင့်ရှောက်မှုဝန်ဆောင်မှု၊ အဆင့်မြင့်ခရီးသွားအာမခံ၊ ၂၄ နာရီကြိုဆိုရေးဝန်ဆောင်မှု စသည့် အထွေထွေ အထူးအခွင့်အရေးများကို ခံစားနိုင်ပါသည်။ အဆိုပါ အခွင့်အရေးများသည် UnionPay premium card ၏ တမူထူးသည့်ကောင်းကျိုးများ ဖြစ်ပါသည်။

UnionPay premium card မှ သင့်အတွက် အထူးသီးသန့်အခွင့်အရေးများကို ဆောင်ကြဉ်းပေးပါသည်။ သင်၏ ပင်လယ်ရပ်ခြားခရီးစဉ်၌ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက် ကျွန်ုပ်တို့က ဂရုတစိုက်အစီအစဉ်ဆွဲပေးပါမည်။ သင်၏ ခံစားခွင့်အသစ်စက်စက်များကို မြန်မြန်လာကြည့်လိုက်ပါ။


ကြိုဆိုရေးဝန်ဆောင်မှု
 “ကြိုဆိုရေး” သည် ပကာသနဆန်ခြင်း သို့မဟုတ် ထိပ်တန်းကျကျဇိမ်ခံခြင်းသာမကပေ။ ကြိုဆိုရေးဝန်ဆောင်မှုကို အသုံးပြု၍ ခရီးသွားလာရေး၊ ဖျော်ဖြေရေး၊ ဈေးဝယ်ယူခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် တစ်ကိုယ်ရည်လိုအပ်ချက်များအပါအဝင် နေ့စဉ်ကိစ္စရပ်များ သို့မဟုတ် အထူးလိုအပ်ချက်များကို ဆောင်ရွက်ဖြေရှင်းနိုင်ပါသည်။


ခရီးသွားလာရေး
• ခရီးမသွားမီ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ စုံစမ်းမေးမြန်းခြင်းနှင့် ဗီဇာ လျှောက်ထားခြင်း ဝန်ဆောင်မှုအကူအညီ
• တည်းခိုမည့်ဟိုတယ်အကြံပြုခြင်းနှင့် ကြိုတင်ဘိုကင်ပြုလုပ်ခြင်းအကူအညီ
• လေကြောင်းလိုင်းဆိုင်ရာအချက်အလက်နှင့် ကြိုတင်ဘိုကင်ပြုလုပ်ခြင်းအကူအညီ
• ရထားဆိုင်ရာအချက်အလက်နှင့် ကြိုတင်ဘိုကင်ပြုလုပ်ခြင်းအကူအညီ
• ဇိမ်ခံကားငှားရမ်းခြင်း၊ ဇိမ်ခံကားအကြံပြုခြင်းနှင့် ကြိုတင်ဘိုကင်ပြုလုပ်ခြင်း အကူအညီ
• ပင်လယ်ရပ်ခြားဘာသာပြန်အကူအညီ
• ခရီးသွားရှုခင်းဇုန်နှင့် သွားရောက်မည့်နေရာအကြံပြုခြင်း
• ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းလေ့လာရေးခရီးစဉ် အကြံပြုခြင်း
• ဇိမ်ခံသင်္ဘော၊ ကိုယ်ပိုင်လေယာဉ်ဆိုင်ရာ အချက်အလက်ရှာဖွေစုံစမ်းခြင်းနှင့် ကြိုတင်ဘိုကင်ပြုလုပ်ခြင်း
• အထူးပရိုမိုးရှင်းချသော စတိုးဆိုင်များအား ကူညီလမ်းညွှန်ပေးခြင်း
• ခရီးစဉ်အပြောင်းအလဲဆိုင်ရာ အကူအညီ

ဖျော်ဖြေရေး
• ဂေါက်ကွင်းအကြံပြုခြင်းနှင့် ကြိုတင်ဘိုကင်ပြုလုပ်ခြင်းအကူအညီ
• ဂေါက်ရိုက်နိုင်ရန် ကူညီစီစဉ်ပေးခြင်း
• ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်များနှင့် ဖျော်ဖြေရေးပွဲများ ကြိုတင်ဘိုကင် ပြုလုပ်ခြင်းအကူအညီ
• ကမ္ဘာလုံးဆိုင်ရာ အားကစားပြိုင်ပွဲများ ကြိုတင်ဘိုကင်ပြုလုပ်ခြင်းအကူအညီ
• SPA ၊ ကိုယ်ကာယလေ့ကျင့်ရေးစင်တာနှင့် အားကစားစင်တာဆိုင်ရာ အချက်အလက်များနှင့် အကြံပြုခြင်း
• စားကောင်းသောက်ဖွယ်အကြံပြုခြင်းနှင့် ကြိုတင်ဘိုကင်ပြုလုပ်ခြင်းအကူအညီ
• သီးသန့်စားသောက်နိုင်ရန် အကူအညီပေးခြင်း
• ပုဂ္ဂလိက ကလပ်အသင်းများ စုံစမ်းမေးမြန်းခြင်းနှင့် ကြိုတင်ဘိုကင်ပြုလုပ်ခြင်း
• ပွဲအစီအစဉ်များ ကူညီစီစဉ်ပေးခြင်း

ဈေးဝယ်ယူခြင်း
• ပန်းနှင့်လက်ဆောင်ပို့ပေးခြင်းဝန်ဆောင်မှု
• ဈေးဝယ်ကုန်တိုက်ကြီးများဆိုင်ရာ သတင်းအချက်အလက်ဝန်ဆောင်မှု
• အဝတ်အစားချုပ်လုပ်ခြင်းဆိုင်ရာ အကြံပြုဝန်ဆောင်မှု


စီးပွားရေးလုပ်ငန်းများ
• အစည်းအဝေးသတင်းအချက်အလက်များနှင့် အကြံပြုခြင်း
• သတင်းအချက်အလက်ပြန်ကြားရေးဝန်ဆောင်မှု
• အမြန်ချောပို့ဝန်ဆောင်မှု
• ဘာသာပြန်ဝန်ဆောင်မှု


VIP ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှု (တရုတ်ပြည်မကြီး)
 ကျွန်ုပ်တို့၏ VIP ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုသည် သင့်အား တရုတ်ပြည်မကြီး၌ရှိနေစဉ်အတွင်း ဆေးရုံအကြံပြုခြင်း၊ ပြောင်းရွှေ့ဆေးကုသမှုခံယူခြင်း အကူအညီ၊ အထူးလိုအပ်ချက်နှင့် ဆေးခန်းပြရန် ကြိုတင်ဘိုကင်ယူခြင်း စသည့် VIP ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိစေပါမည်။ (Diamond Card သီးသန့်ခံစားခွင့်)


အသိပေးပန်ကြားချက် -
ကတ်ထုတ်ပေးသည့်နိုင်ငံနှင့် ကတ်ထုတ်ပေးသည့်အဖွဲ့အစည်းများမတူသဖြင့် အသုံးပြုရာတွင် ကွာခြားချက် ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ အသေးစိတ်သိရှိလိုပါက ကတ်ထုတ်ပေးသည့်ဘဏ်မှ သတ်မှတ်ထားသည့် အချက်များနှင့် စည်းကမ်းများကို လေ့လာဖတ်ရှုပါ။