ကြိုတင်ငွေဖြည့်ကဒ်
Prepaid Card
နအေိမျ>ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်း> ကြိုတင်ငွေဖြည့်ကဒ်


သင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည်ဖြစ်စေ၊ လာရောက်ပညာသင် သည်ဖြစ်စေ၊ စီးပွားရေးကိစ္စနှင့်လာရောက်သည်ဖြစ်စေ UnionPay Prepaid Card သည် တရုတ်နိုင်ငံ၌ ၎င်း၏ပြိုင်ဖက်ကင်းသော အဆင်ပြေချောမွေ့မှုနှင့် လုံခြုံမှုများကို အကြောင်းပြု၍ သင်၏ အကောင်းဆုံးရွေးချယ်မှုအဖြစ် ရပ်တည်နေပါသည်။

UnionPay Prepaid Card ၏ ငွေကြေးနှစ်မျိုးသုံးနိုင်သည့် စွမ်းဆောင်ရည်ကြောင့် သင့်အား တရုတ်နိုင်ငံ၌ ဘဏ်စာရင်းအကောင့်အတွင်းရှိ တရုတ်ယွမ်ငွေဖြင့် ဈေးဝယ်ခြင်း သို့မဟုတ် ငွေသားထုတ်ယူခြင်းအား တိုက်ရိုက်ဆောင်ရွက်နိုင်စေသည်။ ထိုသို့ဖြင့် အပိုကုန်ကျသော ငွေကြေးလဲလှယ်စရိတ်ကို ချွေတာပေးနိုင်သည်။ သင်၏ဘဏ်စာရင်း အတွင်းရှိ တရုတ်ယွမ်ငွေ ကုန်ဆုံးသွားပါကလည်း ဘဏ်စာရင်းအတွင်းရှိ သင်၏ မူလနိုင်ငံသုံး ငွေကြေးကိုလည်း ဆက်လက်သုံးစွဲနိုင်ပါသည်။ အကယ်၍ အပိုငွေကြေးလိုအပ်ပါကလည်း UnionPay နယ်စည်းဖြတ်ကျော်ငွေလွှဲလုပ်ငန်းမှ သင်၏လိုအပ်ချက်အား ဆက်လက် ဖြည့်ဆည်းပေးနိုင်ပါသေးသည်။ မိဘများသည် တရုတ်နိုင်ငံ၌ ပညာတော်သင်နေသည့် သားသမီးများကို ငွေလွှဲပေးနိုင်ပြီး ကုမ္ပဏီများကလည်း တရုတ်နိုင်ငံ၌အလုပ်လုပ်နေသည့် ဝန်ထမ်းများကို ငွေလွှဲပေးနိုင်ပါသည်။ ပိုမိုလုံခြုံစွာအသုံးပြုနိုင်ရန်အတွက် သင်၏ Prepaid Card ကို register ပြုလုပ်၍ စကားဝှက်ထည့်သွင်းနိုင်ပါသည်။

ဈေးဝယ်ရာတွင် အဆင်ပြေချောမွေ့ခြင်း

UnionPay ကွန်ရက်သည် သင့်အား အွန်လိုင်း၊ အော့ဖ်လိုင်းဈေးဝယ်မှု၏ အဆင်ပြေချောမွေ့မှုကို ခံစားရစေသည်။

လုံခြုံမှုရှိသော၊ စိတ်ကျေနပ်ဖွယ်ကောင်းသော အရောင်းအဝယ်အတွေ့အကြုံ

UnionPay ကတ်တွင် ကမ္ဘာ့အဆင့်မီ တင်းကြပ်လျှို့ဝှက်သော လုံခြုံရေးထိန်းချုပ်မှု စနစ် ပိုင်ဆိုင်ထားသဖြင့် ခရီးထွက်နေစဉ် ငွေသားများစွာ သယ်ဆောင်ရခြင်းကြောင့် စိတ်ပူပန်ရန်မလိုအပ်တော့ပေ။ စကားဝှက်အပေးအယူကလည်း သင်၏ငွေပေးငွေယူခြင်း အား အာမခံချက်ပေးသဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်၌ဖြစ်စေ သင့်အား စိတ်ချလက်ချဈေးဝယ်ယူနိုင်စေသည်။

UnionPay ၏ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု
UnionPay  Prepaid Card ကိုင်ဆောင်သူသည် ကတ်ဝန်ဆောင်မှုရေးရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ၂၄ နာရီ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု Hotline မှတစ်ဆင့် သက်ဆိုင်ရာအကူအညီများကို ရယူနိုင်သည်။
လျှောက်ထားရလွယ်ကူ၍ စရိတ်နည်းပါးခြင်း
ကတ်ကိုင်ဆောင်သူသည် သက်ဆိုင်ရာဒေသသုံးငွေကြေး သို့မဟုတ် တရုတ်ယွမ်ငွေအား ထည့်သွင်းနိုင်သဖြင့် ငွေသွင်းပြီးနောက် ငွေလဲလှယ်နှုန်း အတက်အကျအတွက် စိတ်ပူပန်ရန် မလိုအပ်ပေ။