Business ကဒ် (စီးပွားရေးလုပ်ငန်းကဒ်)
Commercial Card
နအေိမျ>ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်း>Business ကဒ် (စီးပွားရေးလုပ်ငန်းကဒ်)

UnionPay Commercial Card များဖြစ်သည့် UnionPay Business Card ၊ UnionPay Purchasing Card နှင့် UnionPay Corporate Card သည် တပိုင်တနိုင်လုပ်ငန်းရှင်၊ အသေးစား၊ အလတ်စား လုပ်ငန်းရှင်နှင့် နိုင်ငံဖြတ်ကျော်လုပ်ငန်းရှင်များအတွက် သီးသန့်စီမံထားခြင်းဖြစ်ရာ customer ၏ သုံးငွေစီမံခန့်ခွဲမှုအား ပိုမိုထိရောက်မှုရှိစေပြီး လုပ်ငန်းရှင်များ လုပ်ငန်းဖော်ဆောင်ရန် အင်တိုက်အားတိုက်ထောက်ပံ့ပေးသည်။
UnionPay Commercial Card သည် ကတ်ကိုင်ဆောင်သူအား ပိုမိုအဆင်ပြေလုံခြုံစွာဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်နိုင်စေပါသည်။

UnionPay Commercial Card Zone


UnionPay Business Card
UnionPay Business Card သည် UnionPay Commercial Card များအနက်တစ်ခုဖြစ်ပြီး တပိုင်တနိုင်လုပ်ငန်းရှင်များအတွက် အထူးစီမံထားခြင်း ဖြစ်ကာ သင့်အတွက် ကုမ္ပဏီနှင့် ကိုယ်ပိုင်အသုံးစရိတ်အား အမျိုးအစားခွဲခြားပေးသည်။ ထိုသို့ဖြင့် သင်၏အသုံးစရိတ်စီမံခန့်ခွဲမှုအား ပိုမိုထိရောက်စေပြီး သင်၏ စီးပွားရေးလုပ်ငန်း တိုးတက်မှုရှိလာရန် တစိုက်မတ်မတ်ထောက်ပံ့ပေးသည်။
UnionPay Purchasing Card
UnionPay Purchasing Card သည် UnionPay Commercial Card များအနက်တစ်ခုဖြစ်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် အထူးစီမံထားခြင်းဖြစ်ကာ သင့်အား အာရှတိုက်နှင့် တရုတ်ပြည်မကြီးအတွင်း၌ ပြိုင်ဖက်ကင်းသော ဝယ်ယူမှုဆိုင်ရာ အဆင်ပြေချောမွေ့မှုကို ထောက်ပံ့ပေးပါသည်။ ထို့ပြင် ကုမ္ပဏီပိုင်ရှင်သည် အဝယ်ကုန်သည်အမျိုးအစားနှင့် ငွေကြေးပမာဏအား လွတ်လပ်စွာကန့်သတ်နိုင်ကာ အသုံးစရိတ်ငွေအရင်းအနှီး စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ပါသည်။
UnionPay Corporate Card
UnionPay Corporate Card သည် UnionPay Commercial Card များအနက် တစ်ခုဖြစ်ပြီး နိုင်ငံဖြတ်ကျော်လုပ်ငန်းရှင်များအတွက် အထူးစီမံထားခြင်းဖြစ်ကာ ထောင်နှင့်ချီသော ကုမ္ပဏီဝန်ထမ်းများ တရုတ်နိုင်ငံ၌ကုန်ကျသည့် စီးပွားရေးခရီးစဉ်နှင့် လူနေမှုအသုံးစရိတ်များအတွက် အသုံးပြုနိုင်ပါသည်။ ကုမ္ပဏီသည် ၎င်းသတ်မှတ်ချက်၌ သီးသန့်ပါရှိသော အသုံးစရိတ်စီမံခန့်ခွဲမှုအစီရင်ခံစာအရ ပြီးပြည့်စုံသော ဘတ်ဂျက်နှင့် အခွန်စီမံခန့်ခွဲမှုကို ဆောင်ရွက်နိုင်ပါသည်။ Corporate Card ၏ နောက်ထပ်ထူးခြားချက်မှာ ၎င်း၏ဆွဲဆောင်အားကောင်းသော ဆုကြေးပေးအပ်ခြင်း အစီအစဉ်ဖြစ်ပြီး ကာလကြာအိမ်နှင့်ခွဲခွာ၍ ပြင်ပ၌အလုပ်လုပ်နေကြသော ဝန်ထမ်းများအား UnionPay Corporate Card ၏ တမူထူးကဲမှုကို ခံစားရစေပါသည်။