မကြာခဏကြုံတွေ့ရလေ့ရှိသည့် ကိစ္စရပ်များ
နအေိမျ>အကူအညီပေးအပ်ရေးစင်တာ>မကြာခဏကြုံတွေ့ရလေ့ရှိသည့် ကိစ္စရပ်များ

မကြာခဏကြုံတွေ့ရလေ့ရှိသည့် ကိစ္စရပ်များ
ပင်လယ်ရပ်ခြားနိုင်ငံများမှ မည်သည့်ကုန်သည်များနှင့် ATM စက်များ၌ UnionPayကတ် အသုံးပြုနိုင်သနည်း။
လက်ရှိတွင် UnionPayကွန်ရက်သည် တရုတ် ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်ဒေသ၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ သြစတြေးလျ နယူးဇီလန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဆွစ်ဇာလန် စသည့် ပင်လယ်ရပ်ခြားရှိနိုင်ငံနှင့် ဒေသများစွာ၌ ဖြန့်ကြက်နိုင်ပြီဖြစ်သည်။
ယင်းနိုင်ငံနှင့် ဒေသများ၌ ATM စက်နှင့် ကုန်သည်များမှUnionPayကွန်ရက်တွင်းသို့ တဖြည်းဖြည်းချင်းဝင်ရောက်ချိတ်ဆက်လာသည့်အတွက် UnionPayကတ်အားATM စက်နှင့် POS စက်များအားလုံး၌ အသုံးပြုနိုင်မည်မဟုတ်ပေ။ ပင်လယ်ရပ်ခြားရှိ ATM စက် သို့မဟုတ် POS စက်များ၌ UnionPayအမှတ်တံဆိပ်ကပ်ထားပါကUnionPayကတ်အသုံးပြုနိုင်ကြောင်းသေချာပါသည်။ ဒေသခံအလေ့အထသို့မဟုတ် အခြားအကြောင်းရင်းများကြောင့် ပင်လယ်ရပ်ခြားရှိကုန်သည်အချို့ (ဥပမာ - အမေရိကန်) ၌ ယာယီအားဖြင့် UnionPayအမှတ်တံဆိပ်ကပ်မထားတတ်သဖြင့် ကတ်ကိုင်ဆောင်သူသည် UnionPayကတ်ဖြင့် ငွေပေးချေမှု ဆောင်ရွက်နိုင်ခြင်းရှိမရှိအားငွေသိမ်းသူထံစုံစမ်းမေးမြန်းနိုင်ပါသည်။

ပင်လယ်ရပ်ခြားရှိUnionPayကတ်အသုံးပြုနိုင်သည့် ATM စက်အချို့၌ ဒေသခံအလေ့အထကြောင့် UnionPayအမှတ်တံဆိပ်အားဖန်သားပြင်ထက်တွင်သာဖော်ပြထားရာ (ဥပမာ - ဥရောပတိုက်) ကတ်ကိုင်ဆောင်သူသည် ယင်းအားအထူးသတိပြုကြည့်ရှုရပါမည်။ ထို့ပြင် နိုင်ငံအချို့၏ UnionPay ATM များ၌ ဘဏ်အမှတ်တံဆိပ်အချို့မှတစ်ဆင့် ခွဲခြမ်းစိတ်ဖြာအတည်ပြုရန်လိုအပ်သဖြင့် ကတ်ကိုင်ဆောင်သူသည် “နိုင်ငံနှင့် ဒေသ” အတွင်းရှိ နိုင်ငံတစ်ခုချင်းစီ၌ ကတ်အသုံးပြုပုံ၌ ရှာဖွေစုံစမ်းနိုင်ပါသည်။

ပင်လယ်ရပ်ခြား၌UnionPayကတ်အားမည်သို့အသုံးပြုမည်နည်း။
တရုတ်လူမျိုးများ၏ ငွေကြေးသုံးစွဲမှုအလေ့အထနှင့် လိုက်ရောညီထွေမှုရှိစေရန် အတွက် ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်ရှိUnionPayကတ်အသုံးပြုနိုင်သော ATM စက်အများစုတွင် တရုတ်ဘာသာစကားဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားသည်။ UnionPay International ကွန်ရက်သို့ ဝင်ရောက်ချိတ်ဆက်လာသည့် ပင်လယ်ရပ်ခြားရှိ POS စက်အများစု၌လည်းစကားဝှက်ရိုက်ထည့်ရန်ကီးဘုတ်ပါရှိသဖြင့် ပြည်တွင်း၌ ကဲ့သို့ပင် ဦးစွာကတ်ဆွဲပြီးနောက် စကားဝှက်ရိုက်ထည့်နိုင်ပါသည်။ စကားဝှက် ပြုလုပ်ထားခြင်းမရှိပါကအတည်ပြုသည်ခလုတ်ကိုတိုက်ရိုက်နှိပ်၍သော်လည်းကောင်း၊ ငွေသိမ်းသူ၏လမ်းညွှန်မှုဖြင့် စိတ်ကြိုက်ဂဏန်း ၆ လုံးရိုက်ထည့်ပြီးနောက် အတည်ပြုသည်ခလုတ်ကို နှိပ်၍သော်လည်းကောင်း (ဥပမာ - ဂျာမနီ၊ ဆွစ်ဇာလန် စသည့်နိုင်ငံများ၌ အသုံးပြုစဉ်) ဆောင်ရွက်နိုင်ပါသည်။ အချို့နိုင်ငံများ၌ (ဥပမာ - အမေရိကန်၊ တောင်ကိုရီးယားစသဖြင့်) အသုံးပြုစဉ်တွင် POS စက်၌ ကီးဘုတ်မပါရှိပါကစကားဝှက်ထည့်ရန်မလိုအပ်ဘဲလုပ်ငန်းဆောင်ရွက်ပြီးမြောက်နိုင်ပါသည်။
ဒုတိယအနေဖြင့် ပင်လယ်ရပ်ခြား၌ UnionPayကတ်အသုံးပြုစဉ်တွင် ဒေသသုံးငွေကြေးဖြင့်သုံးစွဲ၍ တရုတ်ယွမ်ငွေဖြင့် ပြန်လည်နှုတ်ယူသည့် တွက်ချက်နည်းကိုအသုံးပြုပါသည်။ UnionPay International သည် UnionPay ၏ ယင်းနေ့ငွေလဲလှယ်နှုန်းပေါက်ဈေးဖြင့် သုံးစွဲသည့်ငွေကြေးပမာဏအားတရုတ်ယွမ်ငွေအဖြစ် ပြောင်းလဲ၍ စာရင်းနှုတ်ယူပေးသဖြင့် ကတ်ကိုင်ဆောင်သူအားပိုမိုအကျိုးခံစားရစေပါသည်။ UnionPay Debit card အသုံးပြုရာတွင် သင်၏ တရုတ်ယွမ်ငွေဘဏ်စာရင်း၌ လက်ကျန်ငွေ အပြည့်အဝရှိပါကအကြွေးယူနိုင်သည့်သတ်မှတ်ပမာဏကြောင့် အခက်တွေ့နိုင်သည်ကိုပူပန်ရန်မလိုအပ်တော့ပေ။

မည်သည့်ကတ်များဖြင့် ပင်လယ်ရပ်ခြား၌ UnionPayကွန်ရက်အသုံးပြုနိုင်မည်နည်း။
ဦးစွာအနေနှင့် ကတ်ကိုင်ဆောင်သူသည် UnionPay Customer ဝန်ဆောင်မှုစင်တာ 95516 သို့မဟုတ် ကတ်ထုတ်ပေးသည့်ဘဏ်၏ Customer ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်၍ မိမိ၏ကတ်အားပင်လယ်ရပ်ခြားလုပ်ငန်းဝန်ဆောင်မှုဖွင့်ပေးထားခြင်းရှိမရှိအတည်ပြုနိုင်ပါသည်။ ပင်လယ်ရပ်ခြားဝန်ဆောင်မှုဖွင့်လှစ်ထားပြီးသည့် Debit Card ၊ Credit Cards နှင့်Quasi-Credit Cardစသည့် UnionPayအမှတ်တံဆိပ်ပါကတ်များအားUnionPay ၏ ပင်လယ်ရပ်ခြားကွန်ရက်များ၌ အသုံးပြုနိုင်ပါသည်။
 

အမှတ်တံဆိပ်နှစ်ခုပါကတ်များအားပင်လယ်ရပ်ခြား၌အသုံးပြုစဉ် မည်သည့်အရာများကိုအထူးသတိထားရမည်နည်း။
အမှတ်တံဆိပ်နှစ်ခုပါကတ် (ကတ်ပေါ်တွင် “UnionPay” နှင့် အခြားကတ်အဖွဲ့အစည်း၏အမှတ်တံဆိပ် နှစ်မျိုးပါဝင်သောကတ်) အသုံးပြုစဉ်တွင် UnionPayကွန်ရက် သို့မဟုတ် အခြားကွန်ရက်မှတစ်ဆင့် ဆောင်ရွက်နိုင်ပါသည်။ UnionPay International သည် UnionPay ၏ ယင်းနေ့ငွေလဲလှယ်နှုန်းပေါက်ဈေးဖြင့် သုံးစွဲသည့်ငွေကြေးပမာဏအားတရုတ်ယွမ်ငွေအဖြစ် ပြောင်းလဲ၍ စာရင်းနှုတ်ယူပေးပါသည်။ သို့ဖြစ်ရာအခြေအနေအများစု၌ UnionPayကွန်ရက်မှတစ်ဆင့် ဆောင်ရွက်ခြင်းသည် ကတ်ကိုင်ဆောင်သူအားပိုမိုအကျိုးခံစားရစေပါသည်။ UnionPayကတ်၏ အကျိုးခံစားခွင့်များကိုရရှိနိုင်ရန်အတွက် ကတ်ကိုင်ဆောင်သူသည် ကတ်မဆွဲမီငွေသိမ်းသူအားUnionPayကွန်ရက်ချိတ်ဆက်ရန် သတိပေးသင့်ပါသည်။
UnionPay International ပင်လယ်ရပ်ခြားဝန်ဆောင်မှုဖုန်းနံပါတ်အားမည်သည့်နိုင်ငံနှင့် ဒေသများ၌ ဖွင့်ပေးထားသနည်း။
တရုတ်ပြည်မကြီးအပြင် UnionPay International ဝန်ဆောင်မှုဖုန်းနံပါတ်ဖွင့်ထားသည့် နိုင်ငံနှင့် ဒေသများမှာတရုတ် ဟောင်ကောင်နှင့် မကာအို၊တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ စင်ကာပူ၊ ထိုင်း၊ ဂျာမနီ၊ အမေရိကန်၊ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ အီတလီစသည်တို့ ဖြစ်ပါသည်။ နိုင်ငံနှင့် ဒေသအသီးသီး၏ ဝန်ဆောင်မှုဖုန်းနံပါတ်များမတူညီကြပေ။ အသေးစိတ်သိရှိလိုပါက“ UnionPay International Telephone Service ” ဝက်ဘ်ဆိုက်စာမျက်နှာသို့ဝင်ရောက်ကြည့်ရှုပါ။
ပင်လယ်ရပ်ခြား၌ ကတ်အသုံးပြုစဉ် အရေးပေါ်အခြေအနေနှင့်ကြုံတွေ့ရလျှင် မည်သို့ ဆောင်ရွက်ရမည်နည်း။
卡。
ပင်လယ်ရပ်ခြား၌ ဘဏ်ကတ်ပျောက်ဆုံးပါက ပြည်တွင်းမှ ကတ်ထုတ်ပေးသည့်ဘဏ်ထံကတ်ပျောက်ဆုံးကြောင်းချက်ချင်းအကြောင်းကြားပါ။ ပြည်တွင်းသို့ပြန်ရောက်ပြီးနောက် ကတ်ထုတ်ပေးသည့်ဘဏ်မှ သင့်အားကတ်သစ်တစ်ခုအစားထိုးထုတ်ပေးပါလိမ့်မည်။
UnionPay credit cardကိုင်ဆောင်သူသည် ပင်လယ်ရပ်ခြား၌ ကတ်ပျောက်ဆုံး၍ အရေးပေါ်ငွေသားထုတ်ယူရန် လိုအပ်ပါကUnionPay ၏ အရေးပေါ်ငွေသားဝန်ဆောင်မှုအားလျှောက်ထားနိုင်ပါသည်။ ကတ်ကိုင်ဆောင်သူသည် UnionPay ၏ သက်ဆိုင်ရာဒေသဝန်ဆောင်မှုသီးသန့်လိုင်းနံပါတ်သို့ ဆက်သွယ်၍ အရေးပေါ်ငွေသားထုတ်ယူရမည့်နေရာနှင့် လုပ်ငန်းစဉ်အားစုံစမ်းမေးမြန်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက“ UnionPay Card Emergency Cash Support Service ” ဝက်ဘ်ဆိုက်စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ။

ATMစက်ထဲ၌ ကတ်ကျန်နေပါကကတ်ကျန်ခဲ့သည့် ဒုတိယနေ့မှစ၍ ၃ ရက်အတွင်း (ရုံးပိတ်ရက်နှင့်တိုက်ဆိုင်ပါကရက်နောက်ဆုတ်သွားမည်) ပတ်စ်ပို့ စသည့် အကျုံးဝင်သော ID ကတ်ယူဆောင်၍ ကတ်ကျန်ခဲ့သည့် ATM စက်နှင့်သက်ဆိုင်သည့်ကွန်ရက်၌ ကတ်ပြန်ယူရန် စာရွက်စာတမ်းပြုလုပ်ရပါမည်။ ၃ ရက်အတွင်းသတ်မှတ်ချက်အတိုင်းကတ်ယူဆောင်ခြင်းမရှိပါကကတ်ဖျက်ဆီးခံရမည် ဖြစ်ပြီးကတ်ကိုင်ဆောင်သူမှ မိမိနိုင်ငံသို့ပြန်လည်ရောက်ရှိပြီးနောက် ကတ်ထုတ်ပေးသည့်ဘဏ်၌ ကတ်သစ်အစားထိုးထုတ်ပေးရန် လျှောက်ထားရမည်။


စကားဝှက်မပြုလုပ်ထားသော Credit cardအားပင်လယ်ရပ်ခြားရှိတစ်နေရာရာတွင် အသုံးပြုစဉ် ဘာကြောင့် “Enter” ခလုတ်အားတိုက်ရိုက်နှိပ်၍ လုပ်ငန်းမဆောင်ရွက်နိုင်ဘဲငွေသိမ်းသူမှ စကားဝှက်ရိုက်ထည့်ရန် တောင်းဆိုရသနည်း။
ပင်လယ်ရပ်ခြားရှိတစ်နေရာရာတွင် စကားဝှက်မပြုလုပ်ထားသော Credit cardအားအသုံးပြုစဉ် ဒေသခံစောင့်ကြပ်ရေးဌာန၏ တောင်းဆိုချက်ကြောင့်သော်လည်းကောင်း၊ စနစ်စွမ်းဆောင်ရည်ကန့်သတ်ချက်ကြောင့်သော်လည်းကောင်းကတ်ကိုင်ဆောင်သူအားစိတ်ကြိုက်ဂဏန်း ၄ လုံးသို့မဟုတ် ၆ လုံးရိုက်ထည့်ရန် တောင်းဆိုတတ်ပြီးထို့နောက်မှ“Enter” ခလုတ်နှိပ်၍ လုပ်ငန်းပြီးမြောက်နိုင်ပါသည် (DummyPINအခြေအနေ)။ အချို့ဒေသများတွင်ဆောင်ရွက်ရလွယ်ကူစေရန်အတွက် ငွေသိမ်းသူမှ ကတ်ကိုင်ဆောင်သူအား “သုည” ၆ လုံးတိုက်ရိုက်ရိုက်ထည့်စေတတ်သည်။ ယင်းသည် သမရိုးကျလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးကတ်ကိုင်ဆောင်သူသည် ငွေသိမ်းသူ၏ လမ်းညွှန်ချက်အတိုင်းလုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါသည်။

စကားဝှက်မပြုလုပ်ထားသောUnionPay Credit card ဖြင့် ငွေပေးချေစဉ်တွင် စိတ်ကြိုက်ဂဏန်း ၄ လုံးသို့မဟုတ် ၆ လုံးရိုက်ထည့်၍ စကားဝှက်ပြုလုပ်ပြီးနောက် လုပ်ငန်းဆောင်ရွက်မှု အောင်မြင်သွားပါသည်။ ထိုနည်းလမ်းသည် ယင်းစကားဝှက်မပြုလုပ်ထားသောUnionPay Credit cardအားဆက်လက်အသုံးပြုရာ၌ အနှောင့်အယှက်ဖြစ်စေပါသလား။
အနှောင့်အယှက်လုံးဝမဖြစ်စေပါ။ စကားဝှက်မပြုလုပ်ထားသော Credit card ၌ စိတ်ကြိုက်ဂဏန်းအားစကားဝှက်အဖြစ်ရိုက်ထည့်လိုက်သော်ငြားလည်းကတ်ထုတ်ပေးသည့်ဘဏ်သည် authorizing ပြုလုပ်ရာတွင်ယင်းစကားဝှက်အားအကဲဖြတ်ခြင်းမပြုလုပ်ပါ။ သို့ဖြစ်ရာကတ်ကိုင်ဆောင်သူ၏ နောက်တစ်ကြိမ်အသုံးပြုမှုအတွက် အနှောင့်အယှက်လုံးဝမဖြစ်စေနိုင်ပါ။

လက်ရှိတွင် မည်သည့်နိုင်ငံနှင့် ဒေသများ၌ စကားဝှက်မပြုလုပ်ထားသော Credit cardအားပင်လယ်ရပ်ခြား၌အသုံးပြုစဉ်တွင် “Enter” ခလုတ် တိုက်ရိုက်နှိပ်၍ လုပ်ငန်းမဆောင်ရွက်နိုင်သည့်အခြေအနေ(DummyPIN) ပေါ်ပေါက်နေဆဲဖြစ်သနည်း။
၂၀၁၃ ခုနှစ် သြဂုတ်လအထိတောင်ကိုရီးယား၊စင်ကာပူ၊ ရုရှား၊ ဂျာမနီ၊ ဆွစ်ဇာလန် စသည့်နိုင်ငံများ၌ DummyPINအခြေအနေပေါ်ပေါက်နေဆဲ ဖြစ်ပါသည်။
အထက်ပါ DummyPINအခြေအနေနှင့်ကြုံတွေ့ပါကစိတ်ကြိုက်ဂဏန်းအားစကားဝှက်အဖြစ်ရိုက်ထည့်၍ ဆောင်ရွက်ပြီးနောက် ဆက်လက်လက်မှတ်ရေးထိုးရန် လိုအပ်ပါသေးသလား။ ငွေကြေးလိမ်လည်မှုပေါ်ပေါက်ပါကကတ်ကိုင်ဆောင်သူကိုယ်တိုင် ဆောင်ရွက်ခြင်းဟုတ်မဟုတ်အားစကားဝှက်ဖြင့် ဝေခွဲသုံးသပ်ပါသလား။ သို့မဟုတ် လက်မှတ်ဖြင့် ဝေခွဲသုံးသပ်ပါသလား။
ဆက်လက်လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။ လက်မှတ်ကိုအတည်ပြု၍ ကတ်ကိုင်ဆောင်သူကိုယ်တိုင် ဆောင်ရွက်ခြင်းဟုတ်မဟုတ်အားဝေခွဲသုံးသပ်ပါသည်။

ပြည်တွင်းမှ UnionPayကတ်အသုံးပြု၍ ဒေသခံ ATM စက်မှငွေထုတ်စဉ်တွင် ငွေနှုတ်ယူလိုက်သော်လည်းငွေသားထွက်မလာပါကမည်သို့ဆောင်ရွက်ရမည်နည်း။

ထိုကဲ့သို့အခြေအနေကြုံတွေ့ပါကကတ်ကိုင်ဆောင်သူမှ ကတ်ထုတ်ပေးသည့်ဘဏ် အားငွေပြန်အမ်းရန်ဆက်သွယ်ရပါမည်။ ကတ်ထုတ်ပေးသည့်ဘဏ်မှ UnionPayမှတစ်ဆင့် ယင်းATMစက်ရှိရာဘဏ်သို့ဆက်သွယ်၍ စစ်ဆေးအတည်ပြုပြီးနောက် နှုတ်ယူထားသည့်ငွေအားကတ်ကိုင်ဆောင်သူ၏ ဘဏ်စာရင်းထဲသို့ ပြန်လည်ထည့်သွင်းပေးပါလိမ့်မည်။